Skip to main content

မှတ်ပုံတင်ဌာန

မှတ်ပုံတင်ရုံးသည် ရာဇဝတ်တရားရုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ပြီး၊ တရားရုံး အဝင်ဝနေရာတွင် ရှိတတ်ပါသည်။ မှတ်ပုံတင်ဌာနကို ရှာမတွေ့ပါက၊ မည်သည့်နေရာတွင် ရှိသည်ကို သိရှိရန် တရားရုံးတွင် အလုပ်လုပ်သူဝန်ထမ်းကို မေးမြန်းနိုင်ပါသည်။

မှတ်ပုံတင်ဌာနဝန်ထမ်းများသည် တရားရုံးသို့လာရောက်သူများအား တရားရုံးလုပ်ငန်းစဉ်၏ ကဏ္ဍအများစုကို နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်ပါသည်။ ၎င်းတို့သည် သင့်အား တရားရုံး အလုပ်လုပ်ပုံနှင့်ပတ်သက်၍ အချက်အလက်များပေးနိုင်သည့်အပြင်၊ သင့်အမှု ကြားနာမည့်နေရာကို ရှာဖွေခြင်းနှင့် ပံ့ပိုးကူညီမှုလုပ်ငန်းများရယူပုံအတွက် ကူညီပေးနိုင်ပါသည်။ မှတ်ပုံတင်ဌာနသည် အာမခံထုတ်ခြင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကဲ့သို့သော တရားရုံးစာရွက်စာတမ်းအများစုကို လက်မှတ်ရေးထိုးပြီး တင်သွင်းရန် (သို့မဟုတ် သိမ်းဆည်းရန်) နေရာလည်း ဖြစ်ပါသည်။

မှတ်ပုံတင်ဌာနသည် သင့်အား မည်သည့်ဥပဒေရေးရာအကြံဉာဏ်ကိုမျှ မပေးနိုင်ပါ သို့မဟုတ် သင့်တရားရုံးအမှုကိစ္စတွင် မည်သို့လုပ်ဆောင်ရမည်ကို သင့်အား မပြောပြနိုင်ပါ။