စကားပြန်များ
အင်္ဂလိပ်စာကို ကောင်းစွာနားမလည်ပါက၊ သင်၏အင်္ဂလိပ်စာ မကောင်းကြောင်းနှင့် စကားပြန်လိုအပ်ကြောင်း တရားသူကြီးအား ပြောပြရန် အလွန်အရေးကြီးပါသည်။ အကယ်၍ သင့်အမှုသည် ရာဇ၀တ်မှု သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပါက၊ တရားရုံးမှ သင့်အတွက် စကားပြန်တစ်ဦး် စီစဉ်ပေးပြီး ကျသင့်ငွေ ပေးချေပါမည်။ ထိုနေ့တွင် မဖြစ်နိုင်ပါ။ နောက်တစ်ရက် ပြန်လာနိုင်မှ ထိုသို့ စီစဉ်နိုင်ပါသည်။
အကယ်၍ သင့်အမှုသည် (အိမ်တွင်းအကြမ်းဖက်မှု မဟုတ်သော) တရားမမှု ဖြစ်ပါက သင်သည် စကားပြန်တစ်ဦး ကိုယ်တိုင် စီစဉ်ရမည်ဖြစ်ပြီး ကျသင့်ငွေကို ပေးဆောင်ရပါမည်။
သင် စကားပြန်တစ်ဦး ရရှိသောအခါ၊ ၎င်းတို့သည် စကားပြန်ရန်အတွက်သာ ထိုနေရာတွင် ရှိနေကြောင်း နားလည်ရန် အလွန်အရေးကြီးပါသည်။ သူတို့သည် သင့်၏ဥပဒေအကြံပေး မဟုတ်ပါ။ စကားပြန်များသည် ဘက်မလိုက်ဘဲ သမာသမတ်ရှိရန်နှင့် တရားရုံးအပေါ်တွင် တာဝန်ရှိသည် (ဆိုလိုသည်မှာ ဘက်မလိုက်ရ၊ မျှတပြီး ၎င်းတို့၏အလုပ်ကို စကားပြန်တစ်ဦးအနေဖြင့်သာ လုပ်ဆောင်ရန်) ကိုလည်း နားလည်ရန် အရေးကြီးပါသည်။ စကားပြန်များသည် တရားခွင်တွင် ရှိနေနိုင်သည်၊ သို့မဟုတ် တယ်လီဖုန်းမှတဆင့် ရှိနေနိုင်သည်။