တရားခွင်သို့ ဝင်ရောက်ခြင်း
တရားခွင်တွင် တခြားလူများ ရှိပါမည်။ ရှေ့နေများ၊ အများပြည်သူ၊ တရားရုံးဝန်ထမ်းများနှင့် အခြားတရားရုံးသုံးသူများအတွက် နေရာစီစဉ်ပေးရန်အတွက် တရားခွင်ကို ဖွဲ့စည်းထားပါသည်။ ဤဓာတ်ပုံသည် သင့်အား တရားခွင်၏ အထွေထွေဖွဲ့စည်းပုံကို ပြသပါသည်-
အချိန်အများစုတွင် တရားရုံးများကို အများပြည်သူအတွက် ဖွင့်လှစ်ထားပါသည်။ ဆိုလိုသည်မှာ အမှုကြားနာနေချိန်တွင် တရားရုံးသို့ အများပြည်သူ မည်သူမဆို လာရောက်နိုင်ပါသည်။ တခါတရံ တရားရုံး ပိတ်ထားနိုင်ပြီး၊ ှုကြားနာမည့်အမှုနှင့် ပါဝင်ပတ်သက်သူများသာ ရှိနေခွင့် ရှိပါသည်။ ၎င်းမှာ ကြားနာနေသော အမှုအမျိုးအစားကြောင့် ဖြစ်ပြီး၊ တရားဥပဒေနှင့်အညီ လိုအပ်ချက် ဖြစ်ပါသည်။ တရားရုံး ပိတ်ထားသောအခါ၊ သင့်အမှုကို တရားရုံးက ကြားနာရန် အဆင်သင့်မဖြစ်မချင်း သင်သည် တရားခွင်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပါ။