ပံ့ပိုးမှုလုပ်ငန်းများ
ဥပဒေရေးရာအကူအညီများနှင့် စကားပြန်များအပြင် အခြားပံ့ပိုးကူညီမှုလုပ်ငန်းများမှ အကူအညီများကိုလည်း သင် ရနိုင်ပါသည်။ ၎င်းသည် သင့်တရားရုံး၏ အမှုအပြင် သင့် ကိုယ်ရေးကိုယ်တာ အခြေအနေများပေါ်တွင်လည်း မူတည်ပါသည်။
တရားရုံးသည် တရားရုံးလုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရာတွင် သင့်အား ကူညီပေးနိုင်သည့် လုပ်ငန်းများစွာကို ပေးဆောင်ပါသည်။ ဤလုပ်ငန်းစာရင်းကို https://www.courts.qld.gov.au/services တွင် ကြည့်ရှုနိုင်ပါသည်။
အစိုးရနှင့် လူမှုအသိုင်းအဝိုင်း ပံ့ပိုးရေးဝန်ဆောင်မှုအမျိုးမျိုး ရှိပါသည်။ ဤလုပ်ငန်းများစွာသည် အခမဲ့ဖြစ်သည်။
အကယ်၍ သင်သည် အိမ်တွင်းအကြမ်းဖက်မှုဆက်ဆံရေးတွင် ပါဝင်ပတ်သက်နေပါက တရားရုံးသို့လာရန် အကူအညီရယူခြင်း၊ အကျပ်အတည်းကာလ နေရာထိုင်ခင်းနှင့် ငွေကြေး အကူအညီရယူခြင်းတို့ အပါအဝင် ပံ့ပိုးကူညီမှုလုပ်ငန်းမျိုးစုံ ရှိပါသည်။ အပြုအမူကြမ်းများ ပပျောက်ရေးအတွက် အကူအညီလိုပါက ပံ့ပိုးမှုများလည်း ရှိပါသည်။ ပံ့ပိုးမှုလုပ်ငန်းစာရင်းအပြည့်အစုံကို https://www.courts.qld.gov.au/going-to-court/domestic-violence/support-services# တွင် ကြည့်ရှုနိုင်ပါသည်။