ရှေ့နေများ
သင့်မှာ ရှေ့နေ ရှိပါက၊ သူတို့က တရားရုံးတွင် သင့်ကိုယ်စား ပြောဆိုပါမည်။ သင့်တွင် ရှေ့နေမရှိ၍ ရှေ့နေလိုချင်ပါက၊ ထိုအကြောင်းကို ရာဇဝတ်တရားသူကြီးအား ပြောပြရပါမည်။ အများအားဖြင့် ရာဇ၀တ်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုများအတွက် Legal Aid Queensland အဖွဲ့ကို ကိုယ်စားပြုသော ‘တာဝန်ကျရှေ့နေ’ တစ်ဦးသည် တရားခွင်ပြင်ပတွင် ရှိနေပါသည်။ သင် သူတို့ထံ ချဉ်းကပ်နိုင်ပြီး အချို့ကိစ္စများတွင် သင့်အမှုအပေါ်မူတည်၍ ၎င်းတို့မှ ထိုနေ့အတွက် သင့်အား ကိုယ်စားပြုပေးပါမည်။ တစ်နည်းအားဖြင့် တရားရုံးရှိ ထိုနေ့အဖြစ်အပျက်များကို နားလည်ရန် ၎င်းတို့က သင့်အား ကူညီပေးနိုင်ပါသည်။
သို့သော် သင်သည် တရားရုံးတွင် သင့်ကိုယ်တိုင် သင့်အတွက်ပြောဆိုခွင့် ရှိသည်။ ထိုသို့ ပြုလုပ်လိုပါက ထိုအကြောင်းကို ရာဇဝတ်တရားသူကြီးအား အကြောင်းကြားရမည်။ အကယ်၍ သင်သည် အဆင့်အချို့တွင် စိတ်ပြောင်းသွားပါက၊ မည်သည့် ကြားနာသည့်အဆင့်တွင်မဆို သင် ရှေ့နေတစ်ဦး အသုံးပြုနိုင်ပါသေးသည်။