Skip to main content

ဤရာဇဝတ်တရားရုံးအကြောင်း

ဤရာဇဝတ်တရားရုံးအဆင့်သည် ကွင်းစလန်းတရားစီရင်ရေးစနစ်၏ ပထမအဆင့် ဖြစ်ပါသည်။ ပြည်နယ်တွင်း နေရာပေါင်း ၁၃၀ ခန့်တွင် ရာဇဝတ်တရားရုံးများ ရှိပါသည်။ ရာဇ၀တ်မှုနှင့် တရားမမှုအများစုသည် ဤတရားရုံးအဆင့်တွင် တစ်နည်းနည်းဖြင့် စတင်ကြပါသည်။

အမှုအမျိုးအစားပေါ် မူတည်၍၊ အမှုကိုဆုံးဖြတ်မည့် တရားရေးအရာရှိများဖြစ်သော တရားသူကြီးများက အမှုများကို အကြိုကြားနာနည်း သို့မဟုတ် အပြီးသတ် ကြားနာနည်းဖြင့် ကြားနာပါသည်။ ဤတရားရုံးတွင် ဂျူရီအဖွဲ့ မရှိပါ။

တရားရုံးသို့ သွားရန် မလိုအပ်သော်လည်း မှတ်ပုံတင်ဌာနတွင် စာရွက်စာတမ်းများ တင်သွင်းလိုပါက၊ ထိုစာရွက်စာတမ်းများကို တင်သွင်းရန် မှတ်ပုံတင်ဌာနလမ်းညွှန်အတိုင်း လိုက်နာပါ။ မှတ်ပုံတင်ဌာနသည် တရားရုံး၏ ပင်မဝင်ပေါက်အနီးတွင် ရှိပါသည်။

မှတ်ပုံတင်ဌာနသည် စာရွက်စာတမ်းများ (ဥပမာအားဖြင့် အာမခံထုတ်ခြင်းစာရွက်များ)ကို လက်မှတ်ရေးထိုးနိုင်ပြီး တရားရုံးမှ ချမှတ်သည့် အမိန့်မိတ္တူများကို ထုတ်ယူနိုင်သည့်နေရာလည်း ဖြစ်ပါသည်။ မှတ်ပုံတင်ဌာနမှ သင်ရယူနိုင်သည့် စာရွက်စာတမ်းအမျိုးအစားများအတွက် စည်းမျဉ်းများ ရှိပါသည်။ သင် မှတ်ပုံတင်ဌာနလုပ်ငန်းစဉ်များကို နားမလည်ပါက၊ မှတ်ပုံတင်ဌာနဝန်ထမ်းမှ သင့်အား ကူညီပေးနိုင်ပါသည်။