သက်သေအဖြစ် တရားရုံးသို့ ရောက်ရှိလာခြင်း
အကယ်၍ သင်သည် ရာဇဝတ်တရားရုံးတွင် သက်သေအဖြစ် လာပါက၊ သင် တရားရုံးသို့ ရောက်သည်နှင့် တရားရုံးသို့လာရန် ဆင့်ခေါ်သူ သို့မဟုတ် မှတ်ပုံတင်ရုံးသို့ အကြောင်းကြားသင့်သည်။ သက်သေထွက်ဆိုရန် အလှည့် မရောက်မချင်း တရားခွင်ထဲသို့ မဝင်ရပါ။ သင့်အား တရားရုံးသို့ လာရောက်ရန် အကြောင်းကြားသူအား စောင့်သင့်ပြီး ၎င်းတို့မှ သင်စောင့်ဆိုင်းရမည့် နေရာသို့ ခေါ်ဆောင်သွားပါမည်။
စောင့်ဆိုင်းနေသော အခြားသက်သေများနှင့်လည်း အမှုအကြောင်းကို ဆွေးနွေးခွင့် မရှိပါ။
သင့်အလှည့်ရောက်သောအခါ၊ အစိုးရရှေ့နေ သို့မဟုတ် တရားရုံးလုပ်ငန်းအရာရှိဟုခေါ်သော ပုဂ္ဂိုလ်က သင့်အား သက်သေအထောက်အထားပေးရန် သင့်အား အကြောင်းကြားပါမည်။ ၎င်းတို့က သင့်အား တရားရုံးအတွင်းရှိ သက်သေခံနေရာဟုခေါ်သည့် သက်သေများထိုင်ရမည့်နေရာသို့ ခေါ်သွားပါမည်။ ကျမ်းကျိန်ရန် သို့မဟုတ် ကတိသစ္စာပြုရန် သင့်အား တောင်းဆိုမည်ဖြစ်ပြီး ယင်းမှာ တရားခွင်၌ သင်ပြောသောစကားများသည် အမှန်တရားဖြစ်ကြောင်း လေးနက်သောကတိတစ်ခု ဖြစ်ပါသည်။
သက်သေထွက်ဆိုသည့်အခါ အမှန်အတိုင်းပြောရပါမည်။ တရားရုံးတွင် အမှန်မပြောခြင်းသည် ရာဇ၀တ်မှု မြောက်ပါသည်။