ကလေးများ
တရားရုံးသို့လာသောအခါ ကလေးများအား စောင့်ရှောက်ရန်အတွက် အစီအစဉ်များ မလုပ်ဆောင်နိုင်ပါက ကလေးများကို သင်နဲ့အတူ ခေါ်ဆောင်နိုင်ပါသည်။ ကလေးများအား တရားခွင်အတွင်းသို့ ဝင်ခွင့်ပြုပါသည်။ သို့သော် တခါတရံ တရားရုံးတွင် ပြောဆိုသော အကြောင်းအရာများသည် အသေးစိတ်ဖြစ်နိုင်ပြီး စိတ်အနှောက်အယှက်ဖြစ်နိုင်သည်ကို ကျေးဇူးပြု၍ မှတ်သားပါ။ ထို့အပြင် တရားရုံးသည် အလုပ်များပြီး လူစည်ကားနိုင်ပါသည်။ အချိန်များစွာ စောင့်ဆိုင်’ရနိုင်သည်။ တရားရုံးတွင် လူစည်ကားနေစေကာမူ တရားရုံးအတွင်းရှိလူများသည် စောင့်ဆိုင်းနေချိန်တွင် တိတ်ဆိတ်စွာ နေရန် အရေးကြီးပါသည်။