Skip to main content

လုံခြုံရေးအရ စစ်ဆေးပြီးနောက်

သင့်အမှုကို ကြားနာမည့်နေရာကို ရှာဖွေခြင်း-

အချို့တရားရုံးများတွင် နေ့စဉ်ကြားနာမည့်အမှုများကို ဖော်ပြထားသည့် ကြော်ငြာသင်ပုန်းတစ်ခု ရှိပါသည်။ သင်သည် ဤနေရာသို့ သင့်အတွက် ရောက်နေပါက သင့်နာမည်ကို ရှာပါ။ သင့်ကုမ္ပဏီအတွက် ရောက်နေပါက သင့်ကုမ္ပဏီအမည်ကို ရှာပါ။ဤ စာရင်းသည် အများအားဖြင့် သင့်နောက်ဆုံးအမည် သို့မဟုတ် သင့်မိသားစုအမည် သို့မဟုတ် ကုမ္ပဏီအမည်ကို အက္ခရာစဉ်အလိုက် စီစဉ်ထားပါသည်။ သင့်အမည်ဘေးတွင် သင်သွားရမည့် တရားခွင်နံပါတ်ကို တွေ့ရပါမည်။ အချိန်မီ ရောက်နေရန် အရေးကြီးပါသည်။ 

ကြော်ငြာသင်ပုန်းမရှိပါက သို့မဟုတ် သင့်အမည်ကို ရှာမတွေ့ပါက သင့်တရားရုံးအမှုကို မည်သည့်နေရာတွင် ကြားနာမည်ကို သိရှိရန်  ဝန်ထမ်းတစ်ဦးကို မေးမြန်းပါ။

သင့်အမှုကို မကြားနာခင် လုပ်ရမည့်အရာများ-

သင့်အမှုကို ကြားနာရမည့်နေရာ ရှာတွေ့ပြီးသည်နှင့်  တရားခွင် အပြင်မှာဖြစ်ဖြစ်၊ အတွင်းမှာဖြစ်ဖြစ် စောင့်နိုင်ပါသည်။ ရာဇ၀တ်မှုနှင့် တရားမမှုများပေါင်းစုံကို နေ့စဉ် ကြားနာနေပါသည်။ သင့်အမှုကို မကြားနာမီထိ စောင့်ဆိုင်းရပါမည်။

တရားရုံးအချို့သည် အလုပ်များလွန်းသောကြောင့်၊ တရားရုံးသို့ သို့မဟုတ် တရားခွင်သို့ ရောက်သည်နှင့် သင့်အမည် သို့မဟုတ် သင့်ကုမ္ပဏီအမည်ကို နားထောင်ရန် အရေးကြီးပါသည်။ တရားခွင်တွင် အသံချဲ့စက်ကို အသုံးပြုနိုင်ပါသည်။ အကယ်၍ သင်သည် တရားခွင်အပြင်မှာ စောင့်ဆိုင်းနေပါက သင့်နာမည်ခေါ်သံ ကြားနိုင်ရန် နားကြပ် မသုံးသင့်ပါ။

သင့်အမှုတွင် ပြောဆိုနေသည်ကို နားလည်စေရန် ကူညီပေးမည့် စကားပြန်တစ်ဦး လိုအပ်သည်ဟု သင်ထင်ပါက၊ ဤနေရာတွင် နောက်ထပ်သိစရာများစွာ ရှိပါသည်

သင့်အမှုတွင် သင့်ကိုကိုယ်စားပြုသည့်ရှေ့နေတစ်ဦးမရှိ၍ ရှေ့နေတစ်ဦး သင်လိုချင်ပါက၊ ဤနေရာတွင် နောက်ထပ် သိစရာများစွာ ရှိပါသည်